Home » » War of the Worlds (2005)

War of the Worlds (2005)

 

ကမ္ဘာဂြိုလ်ကြီးကအခြားဂြိုလ်တွေနဲ့မတူပဲတစ်မူထူးခြားပြီး ပြည့်စုံနေပါတယ်။ဒါကြောင့်တစ်ခြားဂြိုလ်မှ ဂြိုလ်သားတွေက လိုချင်တပ်မက်နေကြပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေပါတယ်။ ဒီဇာတ်ကားက သိပ္ပံအက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Independent Day, Battle Ship, စသည့် ဇာတ်ကားတွေကိုကြိုက်နှစ်သက်ရင် ဒီဇာတ်ကားလေးကိုလက်မလွှတ်သင့်ပါဘူး။ ရေး ဖာရီယာတစ်ယောက် သားသမီးတွေကို မိခင် ဘော်စတွန်သို့ ခရီးသွားခိုက် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ကျပြီးတဲ့နောက်…. မြို့ထဲမှာ မိုးတွေချိန်း လျှပ်စီးတွေလက် မိုးကြိုးတွေပစ်ပြီး ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ လျှပ်စီးတွေအပြီး အပြင်ထွက်သွားတဲ့သားနောက်ကိုလိုက်ရင်း မြို့ထဲကအဖြစ်အပျက်တွေစနည်းနာဖို့ ရေး တစ်ယောက် အပြင်ကိုထွက်ခဲ့ပါတော့တယ်…. မြို့ထဲက အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှပြီးကြောက်စရာအင်မတန်ကောင်းနေတာကိုတွေ့လိုက်ရပါတယ်။ ရေး တစ်ယောက် တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးတဲ့သွေးပျက်စရာတွေနဲ့ တွေ့ခဲ့ရပြီး အန္တရာယ်ဘေးက လွတ်မြောက်အောင် သားနဲ့သမီးကိုခေါ်ပြီး တိမ်းရှောင်ရပါတော့တယ်။ ရေး တို့မိသားစုတွေ ကမ္ဘာပျက်ကိန်းကြီးက လွတ်မြောက်ပါ့မလား ဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ရှု့စားလိုက်ပါ။

0 comments:

Post a Comment

Subscribe Us

Facebook

 
Created By SoraTemplates | Distributed By Gooyaabi Themes